အာဖဂန်လုံခြုံရေး နေတိုးဆီက အာဖဂန်တပ်တွေ လွှဲယူ

  • 18 ဇွန် 2013
Image caption အာဖဂန်တပ်ဖွဲ့တွေ နိုင်ငံလုံခြုံရေး တာဝန်လွှဲယူ

အာဖဂန်နစ္စတန်မှာ လုံခြုံရေးတာဝန်တွေကို နေတိုးတပ်ဖွဲ့ဝင်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက တရားဝင်လွှဲ ပြောင်းယူလိုက်ပါပြီ။

တာဝန် လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ဒီအချိန်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ သမိုင်းဝင် ကာလတခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

စစ်ရေးမဟာဗျူဟာ အပြောင်းအလဲ ရှိမယ်ဆိုတာ သူက ထပ်လောင်း ပြောကြားခဲ့ပေမယ့် အနာဂတ်မှာ အာဖဂန်ပြည်သူတွေရဲ့ နေအိမ်နဲ့ ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အရပ်သား အသေအပျောက် ဖြစ်ခဲ့ရတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကိစ္စဟာ အာဖဂန်မှာ လူတွေကြား ပြောဆိုရာမှာ အတိမ်းအစောင်းမခံတဲ့ ကိစ္စ ဖြစ်ပါတယ်။

အာဖဂန်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ ပထမဆုံးဝင်ရောက်ခဲ့ပြီး ၁၂ နှစ် နီးပါး အကြာမှာ အခုလို နေတိုးတပ်ဖွဲ့တွေ ဆီကနေ တာဝန်လွှဲယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာတပ်ဖွဲ့တွေဟာ တခြား အထောက်အကူနဲ့ လေ့ကျင့် သင်တန်းပေးဖို့ အာဖဂန်မှာ ၂၀၁၄ နှစ်ကုန်အထိ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာတော့ အာဖဂန်အစိုးရ အနေနဲ့ တာလီဘန်တွေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး တရားဝင် ဆွေးနွေးဖို့ ကာတာနိုင်ငံကို အစိုးရ ကိုယ်စားလှယ်တွေ စေလွှတ်မယ်လို့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက ကြေညာလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ