စစ်ပွဲ ပဋိပက္ခတွေကြောင့် ကမ္ဘာမှာ ဒုက္ခသည် ဦးရေ အများဆုံး မြင့်တက်

  • 19 ဇွန် 2013
Image caption UNHCR ဒုက္ခသည် ရွက်ဖျင်တဲတွေ

အရင် ယူဂိုဆလားဗီးယားနဲ့ ရိုဝမ်ဒါ တို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ကတည်းက ဆိုရင် အခုအခါ နေအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည် အရေအတွက် အများဆုံး အဆင့်ကို ရောက်နေတယ်လို့ UNHCR ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

မနှစ်က ဒုက္ခသည် ရှစ်သန်း နီးပါးဟာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုဟာ စစ်ပွဲ ပဋိပက္ခတွေကြောင့်လို့ UNHCR က ပြောပါတယ်။

အခုထွက်လာတဲ့ ကိန်းဂဏန်းတွေဟာ စိုးရိမ်စရာ ဖြစ်နေပြီး ဆီးရီးယား ပဋိပက္ခကြောင့် ဒုက္ခသည် အရေအတွက် တိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဒုက္ခသည် အရေအတွက် တိုးလာမှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်တာ ဒါမှမဟုတ် နောက်ဖြစ်လာမယ့် ပဋိပက္ခတွေကို မတားနိုင်ဘူး ဆိုတာ ထောက်ပြနေတာဘဲလို့ UNHCR က ပြောပါတယ်။