ဘရာဇီး မှာ ဆက်လက် ဆန္ဒပြနေ

  • 20 ဇွန် 2013
sao paulo
Image caption ရဲနဲ့ ဆန္ဒပြသူတွေ ရင်ဆိုင် အချင်းများ

လူထု ဒေါသကို ပြေအေးဖို့ ဘတ်စကားခ စျေးတက် တာတွေ ပြန်လျှော့ပေးဖို့ ဒေသ အာဏာပိုင်တွေ ဆုံးဖြတ် ခဲ့ပေမယ့်လည်း ဘရာဇီး မြို့ကြီး တွေမှာ ဆက်လက် ဆန္ဒပြ နေကြဆဲ ဖြစ်ပါတယ်။

Sao Paulo နဲ့ Brasilia မြို့တော်မှာ လူအုပ်က လမ်းမကြီး တွေ အလယ်တွေကို ပိတ်ဆို့ ထားခဲ့ပြီး ရီယို ဒီဂျနေရိုး မှာ ရဲနဲ့ ဆန္ဒပြသူတွေ ရင်ဆိုင် အချင်းများ ခဲ့ကြပါတယ်။

ဘရာဇီး ရဲ့ အကြီးဆုံး မြို့ကြီး ၂ မြို့ ဖြစ်တဲ့ ရီယို ဒီဂျနေရိုးနဲ့ Sao Paulo မြို့တွေမှာ ပို့ဆောင်ရေး စရိတ်စကတွေ တက်သွား တာကို ပြန်လည် လျှော့ချ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဘတ်စကားခ တက်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးနောက် နိုင်ငံ အနှံ့ ဆန္ဒပြမှုတွေ ဖြစ်ပွား ခဲ့ပြီး ခုလို မြို့ကြီး ၂ မြို့မှာ အာဏာပိုင် တွေက ဆန္ဒပြ သူတွေနဲ့ ညှိနှိုင်းပြီး ပြန်လည် လျှော့ချ ပေးခဲ့ တာလို့ ဆိုပါတယ်။

ဘရာဇီး နိုင်ငံ အနှံ့ ခြစားမှု တိုက်ဖျက်ရေးနဲ့ လူထု ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အစီအမံ ညံ့ဖျင်းမှုတွေ၊ နောက်ပြီး ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲ အတွက် ကုန်ကျ စရိတ် အများအပြား သုံးစွဲ နေတာတွေကို မကျေနပ်လို့ နိုင်ငံတလွှား တပတ်ကြာ ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ