တာလီဘန်နဲ့ ဆွေးနွေးပွဲ သမ္မတခါဇိုင်းမတက်

  • 19 ဇွန် 2013
afghan_president_hamid_karzai_
Image caption ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မှာမဟုတ်တဲ့ သမ္မတ ခါဇိုင်း

အာဖဂန် နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်းက တာလီဘန် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အာဖဂန်က ခေါင်းဆောင် မဆွေးနွေးရသရွေ့ အဲဒီ ဆွေးနွေးပွဲကို တက်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက လာမယ့် ကြာသပတေးနေ့မှာ တာလီဘန် တွေ ရုံးဖွင့်ထားတဲ့ ကာတာနိုင်ငံမှာ တာလီဘန်နဲ့ ဆွေးနွေးပွဲတွေ စတင်တော့မှာ ဖြစ်ပါတယ်။

မစ္စတာ ခါဇိုင်းက အခုလို ရုံးဖွင့် ခွင့်ပေးတာ ကိုက အရင်က သူ့အစိုးရနဲ့ အမေရိကန် အကြား မှာ ရှိထားတဲ့ အာမခံချက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဒါကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန်နဲ့ လုံခြုံရေး ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ အိုဘားမားကတော့ ဝါရှင်တန် အနေနဲ့ အာဖဂန် အစိုးရနဲ့ နားလည်မှု လွဲမှားတာမျိုးတွေ ဖြစ်လာ နိုင်တယ်ဆိုတာ တွက်ဆ ထားပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် စစ်သွေးကြွ တွေနဲ့ ပြန်လည် သင့်မြတ် ရေးအတွက် ဆွေးနွေးသွားဖို့ ကိစ္စကလည်း အရေးကြီးတဲ့ အကြောင်း ပြောကြား သွားပါတယ်။

အမေရိကန်ဘက်က တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး အတွက် စတင် ဆွေးနွေးပြီလို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာ အာဖဂန် အစိုးရကအမေရိကန်နဲ့ လုံခြုံရေးပိုင်း ဆက်ဆံမှုတွေကို ဆိုင်းငံ့ထားမယ်လို့ ပြောလိုက်ပါတယ်။

လာမယ့် ၂၀၁၄ မှာ အာဖဂန် နစ္စတန် နိုင်ငံ အတွင်းက နိုင်ငံတကာ တပ်ဖွဲ့တွေ ရုပ်သိမ်းသွား ပြီးရင် အာဖဂန် အတွင်းမှာ အမေရိကန်က စစ်ရေးအရ ဘယ်ပုံစံမျိုးနဲ့ ဆက်လက် ရှိနေမယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အာဖဂန် အာဏာပိုင် တွေအကြား ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ