အဏုမြူ မပြန့်ပွားရေး အိုဘားမား တောင်းဆို

  • 19 ဇွန် 2013
obama
Image caption ဘာလင် ရဲ့ အထင်ကရ Brandenburg တံခါးဝမှာ မိန့်ခွန်းပြော

အဏုမြူ လက်နက် မပြန့်ပွားရေး အတွက် အရှိန်မြှင့် ကြိုးပမ်း ကြဖို့ သမ္မတ အိုဘားမားက ဘာလင်မှာ တောင်းဆို လိုက်ပါတယ်။

အမေရိကန် တပ်ဆင် ထားတဲ့ အဏုမြူ လက်နက် တွေကို ၃ ပုံ ၁ ပုံ ထိ လျှော့ချ လိုတဲ့ အတွက် ရုရှ ဘက်က အလားတူ လျှော့ချ ပေးဖို့ ညှိနှိုင်း ဆွေးနွေး လိုကြောင်း မစ္စတာ အိုဘားမားက ဘာလင် မြို့ရဲ့ အထင်ကရ Brandenburg တံခါးဝကြီးမှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

ဒါမှသာ စစ်အေးခေတ် အရိပ်အောက်ကနေ ရုန်းထွက် နိုင်ကြမယ်လို့ သူက ဆိုပါတယ်။

အမေရိကန် ဒုံးခွင်း စနစ်ကို တိုးမြှင့် ဆောင်ရွက် နေချိန်မျိုးမှာ မစ္စတာ အိုဘားမားရဲ့ ပြောဆိုချက်ကို ရုရှ ဘက်က အလေးအနက် ထားပြီး မစဉ်းစားနိုင်ဘူးလို့ ရုရှ ဒုတိယ ဝန်ကြီးချုပ် Dmitry Rogozin က ချက်ချင်းပဲ တုံ့ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ