အင်ဒို တောမီးကြောင့် စင်္ကာပူမှာ မီးခိုးမြုတွေ ဆိုင်း

  • 20 ဇွန် 2013

အင်ဒိုနီးရှားတောမီးတွေက ထွက်လာတဲ့ မီးခိုးမြူတွေ စင်္ကာပူကို ပြန့်နှံ့လို့ လေထု ညစ်ညမ်းမှု ပမာဏ အန္တရာယ်ရှိလောက်အောင် မြင့်တက်လာခဲပြီးတဲ့နောက် ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖို့ စင်္ကာပူက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။

စင်္ကာပူမှာလည်း တတ်နိုင်ရင် လူတွေ အပြင်မထွက်ကြဖို့ နှိုးဆော်ထားပါတယ်။

မီးခိုးမြူကာကွယ်ရေး တာဝန်ရှိသူ အင်ဒိုနီးရှား ဝန်ကြီး Argund Laksono ကတော့ မီးခိုးမြူဆိုတာ သဘာဝတောမီးတွေကြာင့် ဖြစ်လာတာမို့ စင်္ကာပူဖက်ကို ကလေးတယောက်လို ပြုမူမနေဖို့ ပြောလိုက်ပါတယ်။

သူက စင်္ကာပူဟာ ကလေးဆိုးကြီးလို ဟိုတိုင်ဒီတိုင်လုပ်နေတယ်၊ သူတို့လဲ သူတို့ အင်ဒိုနီးရှားလူမျိုးတွေအတွက် စိုးရိမ်ရတာပါပဲလို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါပေမယ့် တကယ်တန်းမှာတော့ တောမီးတွေဟာ ဆူမာတြာကျွန်းပေါ်က အင်ဒိုနီးရှား လယ်သမားတွေ တော မီးရှို့ပြီး လယ်ကွက်ရှင်းရာက ဖြစ်လာတာလို့ သတင်းထောက်တွေက ပြောပါတယ်။

မီးခိုးတွေကြောင့် မလေးရှားမှာလဲ ကျောင်းတွေ ပိတ်ထားပါတယ်။