အိန္ဒိယမှာ ရေကြီးလို့ လူ ၅၀၀ ကျော်သေဆုံး

  • 21 ဇွန် 2013
India Flood
Image caption ရေကြီးလို့ အသေအပျောက်များ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးလို့ သေကြေတဲ့လူ အရေအတွက်ဟာ ၅၀၀ ကျော်လာပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီထက်လည်း လူ အသေအပျောက် များနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Action Aid ကလည်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ငါးထောင် ကျော်နေတယ်လို့ ပြောပါတယ်။

သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် အွတ်တရာခန်းပြည်နယ်က လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့လို့ လူ ၅ သောင်းကျော်ဟာ မိုးထဲမှာပဲ ရှိနေသေးတယ်လို့ အစိုးရက ကြေငြာပါတယ်။

မွန်ဘိုင်းမြို့မှာတော့ အိမ်တလုံးပြိုလို့ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ပိတ်မိနေဆဲလို့ ယူဆရကြောင်း ရဲက ပြောပါတယ်။ မွန်ဘိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း မိုးသည်းထန် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ