ဂါဇာက အဆိုတော် မိုဟာမက် အာဆက်ဖ် Arab Idol ဆု ချီးမြှင့်ခံရ

  • 23 ဇွန် 2013
Image caption Arab Idol ရွေးချယ်ခံရတဲ့ မိုဟာမက် အာဆက်ဖ်

Arab Idol ဆိုတဲ့ ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ အဆိုပြိုင်ပွဲမှာ အသက် ၂၃နှစ်အရွယ် ဂါဇာ ဒေသက ပါလက်စတိုင်း အဆိုတော် Mohammed Assaf ဆိုသူဟာဟာ ဒီနှစ် အဆိုရှင် ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

မင်္ဂလာဆောင်တွေမှာ သီချင်းလိုက်ဆိုတဲ့ အသက် ၂၃နှစ်အရွယ် Mohammed Assaf ဟာ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်ကို တက်နိုင်တဲ့ ပထမဆုံး ပါလက်စတိုင်း လူမျိုး ဖြစ်ပါတယ်။

အခုလို သူဆုချီးမြှင့်ခံရတဲ့ အတွက် ပါလက်စတိုင်း နယ်မြေတွေမှာ အောင်ပွဲခံ ဂုဏ်ပြုခဲ့ကြပြီး ဂါဇာမြို့ တလွှားမှာလည်း မီးရှူး မီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။

သူဆုရကြောင်း ကြေညာပြီး မိနစ်ပိုင်း အတွင်းမှာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင် ခန့်ထားရေး အေဂျင်စီ UNRWA ကလည်း မိုဟာမက် အာဆက်ဖ်ကို ဒေသတွင်း ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာ လူငယ် သံတမန် အဖြစ် ပထမဆုံး ခန့်ထားလိုက်ပါတယ်။

ဒီ Arab Idol ရှိုးဟာ အာရပ်ကမ္ဘာက လူတွေ သန်းနဲ့ချီ ကြည့်ရှု အားပေးလေ့ရှိတဲ့ အစီအစဉ် တခု ဖြစ်ပါတယ်။