အမေရိကန် ထောက်လှမ်းရေး ဟောင်းကို တရားစွဲပြီ

Image caption သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်

အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ စနိုဒန်ဟာ အမေရိကန် အစိုးရရဲ့ အင်တာနက် ထောက်လှမ်းရေး အစီ အစဉ် တွေကို ဖွင့်ချ ဖေါ်ထုတ် လိုက်တာ ဖြစ်တဲ့ အတွက် သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ သူဟာ ဟောင်ကောင်ကို ထွက်ပြေး သွားခဲ့ပြီ ဖြစ်လို့၊ သူ့ကို ဖမ်းဆီးပြီး အမေရိကန် ကို ပြန်လွှဲ ပေးဖို့ အမေရိကန်က တောင်းဆို ထားတယ် ဆိုတဲ့ သတင်းတွေ အပေါ် ဟောင်ကောင် အစိုးရ ကတော့ ဘာမှ မပြောပဲ မှတ်ချက် ပေးဖို့ ငြင်း ဆိုထား ပါတယ်။

မစ္စတာ စနိုဒန်ဟာ အခု ပုန်းရှောင် နေတယ်လို့ ယူဆရပါတယ်။ ဟောင်ကောင်နဲ့ အမေရိကန် ပြည်ထောင်စုဟာ တရားခံ လွှဲပြောင်းရေး သေဘာတူ စာချုပ် ချုပ်ဆို ထားတာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဟာ သန်းနဲ့ ချီတဲ့ အီးမေးလ်တွေနဲ့ တယ်လီဖုန်း ပြောကြားချက် အချက် အလက် တွေကို စုစောင်း ရယူ နေခဲ့တာ ဖြစ်တယ်လို့ မစ္စတာ စနိုဒန်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ