နယ်လ်ဆင် မန်ဒဲလား အသည်းအသန် ဖြစ်

mandela
Image caption မန်ဒဲလား အတွက် ဆုတောင်း ပေးတဲ့ တောင်အာဖရိက နိုင်ငံသားတွေ

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေ ဒီတရက် အတွင်း ဆုတ်ယုတ် လာပြီး အရေးကြီးတဲ့ အဆင့် ရောက်နေတယ်လို့ ကုသ ပေးနေတဲ့ ဆရာဝန်တွေက ပြောကြား လိုက်ပါတယ်။

ဆရာဝန်တွေ ကတော့ မစ္စတာ မန်ဒဲလား ရဲ့ အခြေ အနေ ပြန်ကောင်းလာ ဖို့ တတ်နိုင် သမျှ အစွမ်းကုန် ဆောင်ရွက် နေတယ်လို့ သမ္မတ ဂျက်ကော့ ဇူးမားက ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

အသက် ၉၄ နှစ် အရွယ် သမ္မတ ဟောင်း အဆုတ်ရောဂါ ပြန်ဖောက် လာတဲ့ အတွက် ပရီတိုးရီးယား မြို့တော်မှာ ဆေးရုံ တက်နေရတာ ၁၆ ရက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီညနေခင်းက တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက မစ္စတာ မန်ဒဲလားကို ဆေးရုံမှာ သွားကြည့် ခဲ့ပြီး သူ့ကို ကုသတဲ့ ဆရာဝန် အဖွဲ့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ မန်ဒဲလား အတွက် ကမ္ဘာ ကရော နိုင်ငံသားတွေကပါ ဆုတောင်း ပေးကြ ဖို့လည်း သမ္မတ ဇူးမားက ထပ်မံ တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ