ကန် ထောက်လှမ်းရေးဟောင်း ရုရှားရောက်ပြီ

  • 23 ဇွန် 2013
Image caption တနင်္လာနေ့ ကျရင် ကျူးဘားကို သွားဖို့ လက်မှတ် ဖြတ်ထား တယ်လို့ လေကြာင်း လိုင်းက ပြော

အမေရိကန် အစိုးရ ကနေ သူလျှိုလုပ်မှု တွေနဲ့ စွဲချက် တင်ထားပြီး၊ တရားခံ အဖြစ် အလိုရှိ နေတဲ့ အမေရိကန် ထောက်လှမ်းရေး ဟောင်း အက်ဝက် စနိုဒန်ဟာ ဟောင်ကောင် ကနေ ရုရှား လေကြောင်း Aeroflot နဲ့ မော်စကို မြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

သူဟာ တနင်္လာနေ့ ကျရင် ကျူးဘားကို သွားဖို့ လက်မှတ် ဖြတ်ထား တယ်လို့ Aeroflot လေကြာင်း လိုင်းက ပြောပါတယ်။

ဟောင်ကောင် အစိုးရ ကတော့ မစ္စတာ စနိုဒန်ဟာ သူ့ဆန္ဒ သဘောနဲ့သူ တရားဝင် ထွက်ခွာ သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ တရုတ် နိုင်ငံမှာ အမေရိန် ဆိုက်ဘာ ထောက်လှမ်းရေးရဲ့ လုပ်ဆောင် မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖွင့်ချ ဖေါ်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို သူလျှို လုပ်မှု စွဲချက်တွေနဲ့ တရားခံ အဖြစ် လွှဲပြောင်းရေး ဆုံးဖြတ်ချက် မချသေးခင် ၊ ချက်ခြင်း ဖမ်းဆီး ပေးဖို့ အမေရိကန်ရဲ့ တောင်းဆို ချက်ကို ဟောင်ကောင် က ပယ်ချ လိုက်ကြောင်း ပြောပါတယ်။

အကြောင်း ကတော့ အမေရိကန်တို့ ချပြတဲ့ အချက် အလက်တွေ ဟာ ဟောင်ကောင် ဥပေဒနဲ့ အကြုံး မဝင်ဘူးလို့ ဆိုပါတယ်။

သူ့ကို အမေရိကန်ကို ပြန်မလွှဲပေးဖို့ ဘေဂျင်း ကနေ ဟောင်ကောင်ကို ဖိအားပေး တာတွေ၊ ရှိခဲ့တယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆို မှုတွေလည်း ထွက်ပေါ် နေတယ် လို့ သတင်းထောက်တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ