ကာတာ စော်ဘွား နန်းစွန့်တော့မယ်

  • 24 ဇွန် 2013
Image caption နန်းစွန့်တော့မယ့် ကာတာ စော်ဘွားကြီး Sheikh Hamad bin Khalifa al-Thani

ကာတာ နိုင်ငံမှာ စော်ဘွား ရှိတ်ခ် ဟာမက်ဒ် Sheikh Hamad bin Khalifa al-Thani က နန်းစွန့်ကြောင်း ကြေညာတော့မှာ ဖြစ်ပါတယ်။

ဒီနေ့ အင်္ဂါနေ့ကို ကာတာမှာ နိုင်ငံတော် ရုံးပိတ်ရက် အဖြစ် ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေထဲမှာ အသက်အငယ်ဆုံး စော်ဘွား ဖြစ်လာမယ့် သားဖြစ်သူ မင်းသား Tamim bin Hamad Al-Thani ကို အာဏာ လွှဲပေးကြောင်း စော်ဘွားက မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

ရှိတ်ခ် ဟာမက်ဒ်ရဲ့ သားသမီး ၂၄ယောက်ထဲမှာ မင်းသား တမင်းမ် ဟာ အသင့်တော်ဆုံး အရိုက်အရာ ခံယူသူ တယောက် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

စော်ဘွား ရှိတ်ခ် ဟာမက်ဒ် လက်အောက်မှာ ကာတာ နိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး တို့မှာ တိုးတက် ထွန်းကားပြီး သြဇာ လွှမ်းမိုးမှု ရှိလာတာ ဖြစ်ပါတယ်။