Arab Idol ရွေးခံရတဲ့ လူငယ်ကို သူရဲကောင်း အိမ်အပြန် သဖွယ် ကြိုဆို

  • 26 ဇွန် 2013
Image caption Mohammed Assafကို ကြိုနေတဲ့ ပါလက်စတိုင်းတွေ

ပြီးခဲ့တဲ့ စနေနေ့တုန်းက "Arab Idol" အဆိုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ လူငယ်လေးကို ဂါဇာမှာ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေက သူရဲကောင်း အိမ်အပြန် သဖွယ် ကြိုဆိုခဲ့ကြပါတယ်။

ပရိသတ်တွေရဲ့ ထောက်ခံမှု မရှိဘဲ အခုလို ရွေးချယ်ခံ ရမှာမဟုတ်ဘူးလို့ သူ့ကို စောင့်ကြိုနေတဲ့သူတွေကို မိုဟာမက် အာဆက်ဖ် က ချီးမွမ်းစကား ပြန်လည် ပြောကြားခဲ့ပါတယ်။

ဂါဇာ က ဒုက္ခသည် စခန်းမှာ ကြီးပြင်းလာရတဲ့ အသက် ၂၃နှစ်အရွယ် အဆိုရှင် အာဆက်ဖ်က ပါလက်စတိုင်းတွေကြား စိတ်ဝမ်းကွဲပြားမှုတွေ အဆုံးသတ်ကြဖို့ ပန်ကြားလိုက်ပါတယ်။

ဂါဇာ ဒေသကို ၂ဝဝရ ခုနှစ်ကတည်းက အစ္စလာမ် ဝါဒီ လှုပ်ရှားမှု ဟားမတ် အဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပြီး အနောက်ဖက် ကမ်းခြေ တဝိုက် ကိုတော့ ပြိုင်ဖက် ဖာတာ အဖွဲ့က အုပ်ချုပ်ခဲ့ပါတယ်။