သြစတြေးလျ လေဘာပါတီ ခေါင်းဆောင်သစ်

  • 26 ဇွန် 2013
Image caption ရွေးကောက် ပွဲမှာလည်း ဝင်ပြိုင်မှာ မဟုတ်ဘူး ဆိုတာကို မစ်ဂေးလာ့ဒ်က အတိ အလင်း ကြေညာ

သြစတေးလျ လေဘာပါတီ ခေါင်းဆောင်သစ် ရွေးပွဲမှာ အရင် ခေါင်းဆောင်ဟောင်း ကဲဗင် ရတ်ဒ် ဟာ လက်ရှိ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကို အနိုင် ရလို့ လေဘာ ခေါင်းဆောင် ပြန်ဖြစ်သွား ပါပြီ။

မစ္စတာ ရတ်ဒ်ဟာ ထောက်ခံမဲ ၅၇ မဲနဲ့ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။ မစ် ဂေးလာ့းဒ် ကတော့ သူ ရှုံးရင် နိုင်ငံရေး ကနေ ထွက်ခွာ သွားမှာ ဖြစ်တယ် လို့ ပြောထား ခဲ့တဲ့ အတိုင်း အတည်ပြု ပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက် ပွဲမှာလည်း ဝင်ပြိုင်မှာ မဟုတ်ဘူး ဆိုတာကို မစ်ဂေးလာ့ဒ်က အတိ အလင်း ကြေညာ သွားပါတယ်။

လေဘာ ပါတီထဲမှာ ဒီ ခေါင်းဆောင် နှစ်ဦး အကြား ယှဉ်ပြိုင် မှုတွေဟာ ကာလ ကြာရှည် ဖြစ်ပွား နေခဲ့တာ ဖြစ်ပြီး၊ အခု မဲရွေးပွဲ ကတော့ နောက်ဆုံး တွေ့ကြတဲ့ ပွဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ် ၂၀၁၀ တုန်း ကတော့ မစ္စတာ ရတ်ဒ်ဟာ အခုလိုမျိုးပဲ မစ်ဂေးလာ့ဒ် ကို ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။

ကနဦး လူထု စစ်တမ်းတွေ အရ လေဘာ ပါတီဟာ လာမယ့် စက်တင်ဘာ ရွေးကောက်ပွဲ ကျရင် ရှုံးနိမ့် မယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆို မှုတွေ တိုးပွား လာခဲ့ပြီး နောက် လအတော်ကြာမှာ အခုလို ပါတီ ခေါင်းဆောင်ကို ပြန်ရွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ