နိုင်ငံရေးလွန်ပွဲ အီဂျစ်ကို ခြိမ်းခြောက်

  • 27 ဇွန် 2013
egypt
Image caption ဆန္ဒပြ ပွဲကြီးတွေ လုပ်ဖို့ နှစ်ဘက်လုံးက ပြင်ဆင်

နိုင်ငံရေး အားပြိုင်မှု တွေက အီဂျစ် ဒီမိုကရေစီ ကို ခြိမ်းခြောက် လာနေပြီလို့ သမ္မတ မိုဟာမက် မော်စီက သတိပေး လိုက် ပါတယ်။

သူ့ အနေနဲ့ အမှားအယွင်း လုပ်ခဲ့မိ တာတွေ ရှိတယ်လို့ သမ္မတ သက်တမ်း ၁ နှစ်ပြည့် အတွက် ရုပ်သံက မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက ဝန်ခံ ပြောကြား ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး တွေမှာ အမြန်ဆုံး ပြုပြင် ပြောင်းလဲရေး ကြီးတွေ ဖော်ဆောင် သွားမယ်လို့လည်း သူက ကတိပြု ခဲ့ပါတယ်။

အတိုက်အခံတွေ ကိုလည်း မဲပုံးထောင်ပြီး နိုင်ငံရေး လုပ်ကြဖို့ သူက နှိုးဆော် ခဲ့ပါတယ်။

ဒီသီတင်းပတ် ကုန်မှာ ဆန္ဒပြ ပွဲကြီးတွေ လုပ်ဖို့ သမ္မတ နောက်လိုက် တွေနဲ့ အတိုက်အခံတွေ နှစ်ဘက်လုံးက ပြင်ဆင် နေကြပါတယ်။

မစ္စတာ မော်စီ က နဂို မူလက စေ့စပ် ညှိနှိုင်း လိုတဲ့ လေသံနဲ့ ပြောနေ ရာကနေ အီဂျစ် ပြဿနာ တွေ အတွက် လူတစုကို အပြစ်တင် ရှုတ်ချတဲ့ ဘက်ကို ချက်ချင်း ရောက်သွားတယ်လို့ ကိုင်ရို မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ