လိင်တူ လက်ထပ်မှု ချိုးနှိမ်တဲ့ ဥပဒေ ဖျက်

  • 27 ဇွန် 2013
 gay
Image caption ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ပယ်ဖျက်မှု အောင်ပွဲခံ

လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ချိုးနှိမ် ထားတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ အမေရိကန် တရား လွှတ်တော် ချုပ် ဆုံးဖြတ်ချက် ကို သမ္မတ အိုဘားမား က ကြိုဆို လိုက်ပါတယ်။

လိင်တူချင်း လက်ထပ်မှု တွေကို ပိတ်ပင် ထားတဲ့ ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ကို ပယ်ဖျက်ဖို့ အမေရိကန် တရား ဝန်ကြီး များက ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ဒီဥပဒေ က မိန်းမလျာနဲ့ ယောက်ျားလျာ စုံတွဲ တွေကို သီးခြား ခွဲထုတ် ထားတဲ့ လူတန်းစား တရပ်လို ဆက်ဆံ ခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။

ဒီဆုံးဖြတ်ချက် ကြောင့် အမေရိကန် ၁၂ ပြည်နယ်မှာ တရားဝင် လက်ထပ် ခွင့် ရထားတဲ့ လိင်တူ စုံတွဲ တွေ အတွက် နိုင်ငံ တဝှမ်းက ကျား မ စုံတွဲ တွေလိုပဲ တန်းတူ အခွင့်အရေးတွေ ခံစား ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ