ဘော်စတွန် ဗုံးသမားလို့ သင်္ကာမကင်း ဖြစ်သူကို စွဲချက် တသီတတန်း တင်ပြီ

  • 28 ဇွန် 2013
Image caption အကိုဖြစ်သူ တာမလန်း (ယာ) နဲ့ ညီဖြစ်သူ ဂျိုခါ ဆာနာရက်ဖ်

ဘော်စတွန် မာရသွန်ပြေးပွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့သူလို့ သင်္ကာမကင်း ဖြစ်ခံနေရတဲ့ Dzhokhar Tsarnaev ကို ရာဇဝတ်မှု အတော်များများနဲ့ အမေရိကန် အစိုးရ အာဏာပိုင်တွေက စွဲချက်တင်လိုက်ပါတယ်။

အဲဒီ အထဲမှာ လူသတ်မှု ၊ လူအများအပြား သေကြေပျက်စီးစေတဲ့ လက်နက်တွေ အသုံးပြုမှုတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပွားခဲ့တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲမှုမှာ လူသုံးယောက် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားပြီး လေးရက်မြောက်နေ့မှာ အကိုဖြစ်သူ တာမလန်း ဆာနာရက်ဖ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ရဲတယောက် သေဆုံးသွားခဲ့ပါတယ်။

တာမလန် ဆာနာရက် ကိုယ်တိုင်လည်း ပစ်ခတ်မှု အတွင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်ညှာ မှာ မွေးဖွားခဲ့သူ အသက် ၁၉နှစ်သာ ရှိသေးတဲ့ ဂျိုခါ ဆာနာရက်ဖ်ဟာ အခုတင်ထားတဲ့ စွဲချက် တော်တော်များများကြောင့် သေဒဏ် ဒါမှဟုတ် တသက်တကျွန်း ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။