အီဂျစ်မှာ သမ္မတ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်

Image caption လက်ရှိ အီဂျစ် သမ္မတ မိုဟာမက် မော်စီ

အီဂျစ်မှာ လာမယ့် တနင်္ဂနွေနေ့ကျရင် အာဏာရခဲ့တာ သက်တမ်း တနှစ်ပြည့်မြောက်တော့မယ့် သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက် ဆန့်ကျင်သူ တွေကြား ရုန်းရင်းဆန်ခတ် မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။

အလက်ဇန်း ဒရီးယား မြို့မှာလူနှစ်ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိပြီး အဲဒီအထဲက တယောက်က အမေရိကန် လူငယ်လေး ဖြစ်တယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

အီဂျစ် နိုင်ငံတလွှား သမ္မတကို ထောက်ခံသူနဲ့ ကန့်ကွက်သူ ၊ ထောင်သောင်းချီတဲ့ လူတွေ အပြိုင်အဆိုင် ဆန္ဒပြခဲ့တာကြောင့် ၊ ဆယ်ဂဏန်းနဲ့ချီပြီး ဒဏ်ရာရခဲ့ကြပါတယ်။

အကြမ်းဖက် ဆန္ဒပြမှုတွေ ပြန့်နှံ့ကြီးထွား လာနိုင်တယ် ဆိုပြီး စိုးရိမ် နေတာကြောင့် လူတွေဟာ ရိက္ခာနဲ့ လောင်စာဆီတွေ သိုလှောင်ထားခဲ့ကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အမေရိကန် အစိုးရ ကတော့ မဖြစ်မနေ ထားရမယ့် သူကလွဲလို့ ကျန်တဲ့ သံဝန်ထမ်းတွေကို ပြန်ခေါ်ခဲ့ပြီး သူတို့ နိုင်ငံသားတွေကို အီဂျစ်ကို သွားမလည်ဖို့ ဆော်သြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ