အကြီးအကျယ် အားပေးခံရတဲ့ Rolling Stone အဖွဲ့ ဖျော်ဖြေမှု

  • 30 ဇွန် 2013
Image caption တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ Rolling Stone အဖွဲ့သားတွေ

လွန်ခဲ့တဲ့ ၄၃ နှစ်လောက်ကတည်းက နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ အင်္ဂလန် အနောက်တောင်ပိုင်းက Glastanbury ဂီတ ပွဲတော်မှာ ရိုးလင်းစတုန်း ဂီတ အဖွဲ့က ပထမဆုံး အကြိမ် ဖျော်ဖြေခဲ့ပါတယ်။

အသက် ခြောက်ဆယ့် ကိုးနှစ် ရှိပြီ ဖြစ်တဲ့ အဆိုတော် မိုက်ခ် ဂျက်ဂါ ဦးဆောင်တဲ့ ရိုးလင်း စတုန်း အဖွဲ့က တချိန်က သူတို့ အဖွဲ့ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်တဲ့ Jumping Jack Flash သီချင်းနဲ့ စတင် ဖျော်ဖြေခဲ့ပါတယ်။

Glastanbury ဂီတ ပွဲတော် လုပ်ခဲ့တဲ့ ကာလတလျှောက် အခု ရိုးလင်းစတုန်း အဖွဲ့ ရဲ့ ဖျော်ဖြေမှုဟာ ပရိသတ်ရဲ့ အားပေးမှု အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။

သုံးရက်ကြာ ကျင်းပတဲ့ ဒီဂီတပွဲတော်ကို လူပေါင်း တသိန်းသုံးသောင်းလောက် တက်ရောက်ခဲ့ ပါတယ်။

ဒီပွဲဟာ ဗြိတိန်မှာ သူတို့ ဖျော်ဖြေခဲ့တဲ့ သမိုင်းတလျောက် အထွပ်အထိပ်ကို ရောက်ခဲ့တဲ့ အောင်မြင်မှု တခုဘဲလို့ ရိုးလင်းစတုန်း အဖွဲ့က ဂီတာ သမား Keith Richards က ပြောပါတယ်။