HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား

  • 30 ဇွန် 2013
ဆေးစောသောက်တဲ့နည်းနဲ့ အေအိုင်ဒီအက်စ်ကာကွယ်
Image caption ဆေး စောသောက်တဲ့နည်းနဲ့ အေအိုင်ဒီအက်စ် ကာကွယ်

WHOရဲ့ လမ်းညွှန်ချက်ထဲမှာတော့ HIVပိုးရှိသူတွေ အနေနဲ့ ရောဂါနုတုန်း ဆေးစသောက်တာက ပိုထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ခုမှာ အေအိုင်ဒီအက်စ် ရောဂါသည် ပေါင်းသုံးသန်း အသက်ကယ် နိုင်မယ်လို့ ပြောထားပါတယ်။

ဆေးသုံးမျိုးစပ်တလုံးထဲကို HIV ပိုးရှိသူတွေကို သူတို့ခုခံမှု အားကောင်းနေတဲ့အချိန်မှာ တိုက်ကြွေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား အင်ဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆သန်းကနေ ၂၆သန်းအထိ တိုးလာနေတဲ့အတွက် ဒီလိုဆေးစောတိုက်တဲ့ စနစ်ဟာ အဲဒီရောဂါသည်တွေ အတွက် အကျိုးရှိနိုင်တဲ့ ပေါ်လစီသစ်လို့လည်း WHO ကပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အေအိုင်ဒီအက်စ် ရောဂါကုဖို့ အမေရိကန်ဒေါ်လာ သန်း၂၃၀၀လောက် ကုန်ကျနိုင်ပြီး အခု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အစီအစဉ်အရ ၁၀ရာနှုန်းကုန်ကျ စရိတ်ပိုမြင့်လာဖို့ရှိပါတယ်။

နေ့စဉ်သောက်ရမယ့် တလုံးထဲပေါင်း ဆေးသုံးမျိုးထုတ်တဲ့ ကုမ္ပဏီကြီး၅ခုက တနှစ်ကို တယောက်ကိုဒေါ်လာ၁၂၇ ကျမယ့် အစီအစဉ် အတွက်စျေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်းဖြစ်ပါတယ်။

ဒီအစီအစဉ်အသစ်အရရောဂါပိုးရှိသူ အသက်၅နှစ်ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့မိခင်တွေကိုလည်း ဆေးတိုက်ကြွေးမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ