ပြင်သစ်နဲ့ ဂျာမန် အစိုးရ အမေရိကန်ကို ဖြေရှင်းချက် ပေးဖို့ တောင်းပြီ

  • 1 ဇူလိုင် 2013
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဗျူးစ်

အမေရိကန် ထောက်လှမ်းရေးက ဥရောပ သမဂ္ဂ ရုံးတွေကို သူလျိုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ ထွက်လာခဲ့ပြီးနောက် ပြင်သစ်နဲ့ ဂျာမန် အစိုးရတို့က အမေရိကန်ကို ဖြေရှင်းချက် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဗျူးစ်က ဒီစွပ်စွဲချက်တွေသာ မှန်ခဲ့တယ် ဆိုရင် လုံးဝ လက်မခံနိုင်စရာဘဲလို့ ပြောပါတယ်။

ဂျာမန် တရားရေး ဝန်ကြီးကတော့ ဒါဟာ စစ်အေးခေတ်တုန်းက အမူအကျင့်တွေမျိုး အတိုင်းဘဲလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ ဖက်က တကယ့်ကို အနည်းအကျဉ်းသာ တုန့်ပြန်ခဲ့ပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဒါရိုက်တာ ရုံး ကတော့ ဥရောပ သမဂ္ဂ ကို သံတမန် နည်းလမ်းအရ သင့်တင့် လျှောက်ပတ်စွာ အမေရိကန် အစိုးရက တုန့်ပြန်သွားမှာပါလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ