အီဂျစ် အကျပ်အတည်း ဆိုးရွားလာ

  • 1 ဇူလိုင် 2013
egypt
Image caption သမ္မတ ရာထူးက ဆင်းဖို့ အကြီးအကျယ် ဖိအား ပေး

သမ္မတ မော်စီ ရာထူးက ဆင်းဖို့ အကြီးအကျယ် ဖိအား ပေးနေချိန် မှာပဲ အီဂျစ် အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့ ဌာနချုပ် အပြင် ဘက်မှာ လူ ၈ ယောက် သေဆုံး ပြီး ဝန်ကြီး ၄ ဦး ထွက်စာ တင်ထား တယ်လို့ သတင်း ရရှိ ပါတယ်။

သမ္မတ မော်စီ နုတ်ထွက်ပေးဖို့ အီဂျစ် နိုင်ငံသား သန်းနဲ့ ချီပြီး ဆန္ဒပြ တောင်းဆို ခဲ့ပြီး နောက် တရက် အကြာမှာ ကိုင်ရို မြို့တော်က မွတ်ဆလင် ညီနောင်များ အဖွဲ့ ရုံးကို ဆန္ဒပြ သမားတွေက ဝင်ပြီး စီးနင်း ခဲ့ကြတာပါ။

ထွက်စာ တင်သူတွေ ထဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးတွေ ပါတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ ဆန္ဒပြ ပွဲတွေကို ဦးဆောင် ခဲ့တဲ့ Tamarod လှုပ်ရှားမှု အဖွဲ့က အင်္ဂါ နေ့ ညနေ ၅ နာရီ မတိုင်ခင် သမ္မတ မော်စီ နုတ်ထွက် ပေးဖို့ တောင်းဆိုထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ