စနိုဒင် ရုရှားမှာ ခိုလှုံခွင့် တောင်းခံ

  • 2 ဇူလိုင် 2013
Image caption ရုရှား သမ္မတ ပူတင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

ထွက်ပြေး တိမ်းရှောင်နေရတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်း သူတို့ဆီမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေး အရာရှိက ပြောပါတယ်။

မစ္စတာ စနိုဒင်ကို ခိုလှုံခွင့် ပေးမယ့်သူ ရှိလို့ သူကလည်း သွားချင်တယ် ဆိုရင် မတားပါဘူး ၊ သူရုရှားမှာ နေချင်တယ် ဆိုရင်တော့ တခုတော့ လိုက်နာရမယ် ၊ မိတ်ဖက် အမေရိကန်တွေကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို ရပ်ပစ်ရမယ်လို့ ရုရှား သမ္မတ ပူတင်က ပြောပါတယ်။

မစ္စတာ စနိုဒင်ဟာ အီကွေဒေါ နိုင်ငံကို မသွားဖြစ်ခဲ့ဘဲ အခုတော့ ရုရှား နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေတယ်လို့ ယူဆနေကြပါတယ်။

အီကွေဒေါ အစိုးရကို မစ္စတာ စနိုဒင်က ပေးတဲ့ စာထဲမှာ သူ့ကို ခိုလှုံခွင့် ပေးဖို့ စဉ်းစားခဲ့တဲ့ ရဲရင့်တဲ့ စိတ်ဓါတ် အပေါ် ချီးကျူး စကား ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ တရားနည်းလမ်း မကျတဲ့ လူဖမ်းပွဲကို သူက ရှုတ်ချ လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ