အာရီဇိုးနား တောမီးကြီးကြောင့် လူသေဆုံး

  • 1 ဇူလိုင် 2013
arizona
Image caption အာရီဇိုးနားမှာ တောမီးကြီး ကူးစက် လောင်ကျွမ်း

အမေရိကန် ပြည်ထောင်စု အာရီဇိုးနား ပြည်နယ်မှာ အဆီးအတား မရှိ လောင်ကျွမ်း နေတဲ့ တောမီးကြီးကို ငြှိမ်းသတ်ဖို့ ကြိုးစား နေတဲ့ မီးသတ် သမား ၁၉ ယောက် သေဆုံး သွားခဲ့ပါတယ်။

ယာနဲ မြို့ကလေးကို မီးလွတ်အောင် ကာကွယ်ဖို့ ကြိုးစား ရင်း တောမီး ငြှိမ်းသတ်ရေး အတွက် အထူး လေ့ကျင့်ထားတဲ့ သူတွေ သေဆုံးကြတာ ဖြစ်ပါတယ်။

မြန်မြန်ဆန်ဆန် ကူးစက် လောင်ကျွမ်း နေတဲ့ မီးတောက် မီးလျှံတွေကို မီးသတ် သမား ၂ဝဝ လောက်က ကြိုးစား ငြှိမ်းသတ် နေဆဲ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ အနည်းဆုံး အိမ် အလုံး ၂ဝဝ လောက် မီးထဲပါသွားပြီ ဖြစ်ပါတယ်။

မြို့နေ လူအများစု ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်း ထားလိုက်ပြီ ဖြစ်ပါတယ်။

အာရီဇိုးနားနဲ့ အမေရိကန် အနောက်ပိုင်း ပြည်နယ်တွေ မှာ စံချိန်တင် လောက်အောင် အပူရှိန် ပြင်း နေပါတယ်။

လေထု စိုထိုင်းဆ နည်းပါးပြီး လေတိုက်နှုန်း များနေတဲ့ အတွက် သောကြာ နေ့က စတင် လောင်ကျွမ်း တဲ့ တောမီး အလျင်အမြန် ကူးစက် လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ