တပ်ကြေညာချက်ကို အီဂျစ်ပြည်သူတွေ စောင့်ဆိုင်း

  • 3 ဇူလိုင် 2013
Image caption သံချပ်ကာ ကားတွေ ကိုတော့ သမ္မတကို ထောက်ခံတဲ့ အဓိက ဆန္ဒပြ သူတွေ အနီးမှာ ချထား

အီဂျစ် နိုင်ငံမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းဖို့ အတွက် စစ်တပ် ကနေ ရာဇသံ ပေးထားတဲ့ အချိန် ကျော်လွန် သွားပြီးနောက် စစ်တပ် က ထုတ်ပြန်မယ့် ကြေညာ ချက်ကို အီဂျစ် ပြည်သူတွေ စောင့်ဆိုင်း နေကြပါတယ်။

ကိုင်ရို မြို့မှာတော့ သမ္မတကို ဆန့်ကျင်သူ သိန်းနဲ့ ချီပြီး ဆန္ဒပြ နေကြ သလို၊ သူ့ကို ထောက်ခံ သူတွေ ဟာလည်း တန်ပြန် ဆန္ဒပြ မှုတွေ ပြုလုပ် နေတာ ကြောင့် အခြေ အနေ တင်းမားမှုတွေ ဟာ တိုးမြင့် လာနေ ပါတယ်။

တပ်ဖွဲ့ဝင် တွေကို မြို့တော် ကိုင်ရိုမှာ ချထားပြီး၊ သံချပ်ကာ ကားတွေ ကိုတော့ သမ္မတကို ထောက်ခံသူ အဓိက ဆန္ဒပြ သူတွေ အနီးမှာ ချထား ပါတယ်။

သမ္မတ မော်စီက သူ ရာထူးက ဆင်းမှာ မဟုတ်ဘူး ဆိုတာကို အလေး အနက် ထပ်မံ ပြောကြား လိုက်ပြီး၊ သမ္မတရဲ့ လုံခြုံရေး အကြံပေး အရာရှိ ကတော့ ဒီကနေ့ဟာ ဖြစ်ရင် စစ်တပ် အာဏာသိမ်း သလို ဖြစ်နေတယ် လို့ ပြောပါတယ်။

မစ္စတာ မော်စီ နဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့က ခေါင်းဆောင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ လေဆိပ် အရာရှိတွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ အခြေ အနေ တွေ အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ