အီးယူနဲ့ အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ မထိခိုက်စေလို

  • 3 ဇူလိုင် 2013
Image caption အီးယူရုံးတွေကို အမေရိကန်က သူလျှိုလုပ်လို့ ဆို

လာမယ့် သီတင်းပတ် စတင်မယ့် ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို အမေရိကန်တို့ သူလျှို လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အငြင်းပွားနေမှုကြောင့် မထိခိုက်စေသင့်ဘူးလို့ ဥရောပကော်မရှင်က ပြောပါတယ်။

ဝါရှင်တန်နဲ့ နယူးယောက်မြို့တွေမှာရှိတဲ့ အီးယူရုံးတွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက သတင်းခိုးယူနားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်လို့ စောစောပိုင်းမှာ ပြင်သစ် သမ္မတ Francois Hollande က ပြောခဲ့တာပါ။

ဒီလို စွပ်စွဲမှုတွေဟာ အမေရိကန်ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒဝတ်စနိုဒန် ဖွင့်ချခဲ့တြံ သတင်းတွေကို အခြေခံပြီး ဖြစ်လာခဲ့တာပါ။ လောလောဆယ်မှာ စနိုဒန်ရဲ့ ခိုလှုံခွင့် တောင်းခံနိုင်တဲ့ အခွင့်အလမ်းတွေလည်း နည်းလာနေပုံရပါတယ်။