အိန္ဒိယမှာ ရိက္ခာ စျေး လျှော့ရောင်းမယ်

  • 3 ဇူလိုင် 2013
india food
Image caption ကမ္ဘာ့ ဒုတိယ လူဦးရေ အများဆုံး နိုင်ငံကြီးမှာ စားနပ် ရိက္ခာ ကျပ်တည်း

အိန္ဒိယ လူဦးရေ ၃ ပုံ ၂ ပုံ အတွက် စားနပ် ရိက္ခာ စျေးနှုန်း သက်သက်သာသာနဲ့ ဖြန့်ဖြူး သွားဖို့ စီမံကိန်းကြီးကို အိန္ဒိယ အစိုးရက အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

လူ တကိုယ်ကို ပဲပြောင်း ၈ ပိဿာ လောက်နှုန်းနဲ့ အိန္ဒိယ ပြည်သူ သန်း ၈ဝဝ အတွက် လစဉ် စျေးလျှော့ ရောင်းပေးမှာ ဖြစ်ပါတယ်။

ကျေးလက် ဒေသက နွမ်းပါးတဲ့ ပြည်သူတွေ အတွက် ရည်ရွယ်တဲ့ ဒီစီမံကိန်း အတွက် နှစ်စဉ် ဒေါ်လာ ကုဋေ နှစ်ထောင် ကျော် သုံးစွဲဖို့ ရှိပြီး ဒါဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး သက်သာ ချောင်ချိရေး အစီအစဉ် လည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ နောက် လာတော့မယ့် ၂ဝ၁၄ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ် နေတာ ဖြစ်တယ်လို့ ဝေဖန် နေကြသူတွေ လည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ