ဂရိ HIV ပိုးစစ် ဥပဒေ

  • 5 ဇူလိုင် 2013
greece refugee
Image caption ဂရိ ကို ပြည်ပက ဝင်ရောက် လာသူတွေကို ကြပ်မတ် စစ်ဆေး

ဂရိ နိုင်ငံမှာ ပြည့်တန်ဆာတွေ၊ တရားမဝင် ဝင်လာသူ တွေနဲ့ မူးယစ်ဆေး စွဲနေသူ တွေကို HIV ပိုး ရှိမရှိ အတင်း အကျပ် စစ်ဆေးဖို့ သတ်မှတ် တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က ဂရိ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ဂရိ နိုင်ငံမှာ HIV ကူးစက်နှုန်း မြင့်မား နေတာကို ထိန်းချုပ်ဖို့ ဒီဥပဒေ ကို မနှစ် က ပြဋ္ဌာန်း ပြီးသား ဖြစ်ပေမယ့် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကန့်ကွက် တိုက်ပွဲဆင် ခဲ့လို့ နောက်ပြန်ဆုတ် သွား ခဲ့တာ ဖြစ်ပါတယ်။

အရင် တပတ်ကမှ တက်လာတဲ့ ကျန်းမာရေး ဝန်ကြီးသစ်က ဒီအစီအစဉ်ကို ပြန်ပြီး အသက်သွင်း ခဲ့တာပါ။

မနှစ်ကတော့ ပြည့်တန်ဆာ လို့ သမုတ် ခံရသူတွေကို ဖမ်းပြီး ဆေးစစ် ခဲ့ပါတယ်။

HIV ပိုး ရှိကြောင်း တွေ့ရှိရသူ တချို့ ကို ဓာတ်ပုံ ကိုယ်ရေး အချက်အလက် တွေနဲ့ တကွ ပြည်သူကို အန္တရာယ် ပေးမယ့်သူ တွေ ဆိုပြီး ဂရိ သတင်းဌာန တွေကနေ ထုတ်ဖော် ရေးသား တာတွေလည်း လုပ်ခဲ့ ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ