တရုတ် ရုရှား ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့်

  • 5 ဇူလိုင် 2013
Image caption နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်း လာဖို့ ဖြစ်တယ်လို့ တရုတ် တပ်မတော် အကြီး အကဲ က ပြောပါတယ်

တရုတ်နဲ့ ရုရှား ၂ နိုင်ငံ ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့် မှုတွေကို စတင် လိုက်ပြီ ဖြစ်ပြီး၊ ဒါဟာ နိုင်ငံခြား မိတ်ဆွေ နိုင်ငံ တခုနဲ့ ပြုလုပ်တဲ့ အကြီးမားဆုံး ပူးပွဲ စစ်ရေး လေ့ကျင်မှု ဖြစ်တယ် လို့ တရုတ် နိုင်ငံက ပြောကြား ပါတယ်။

ဂျပန် ပင်လယ်ပြင်မှာ ပြုလုပ်တဲ့ ဒီစစ်ရေး လေ့ကျင့်မှု မှာ စစ်ရေယာဉ် ၁၈ စီး၊ ရေငုတ် သင်ဘော တစီး၊ လေယာဉ် ၃ စင်းနဲ့ ရဟတ်ယာဉ်တွေ အထူး ကိုမန်ဒို တပ်ဖွဲ့ တွေ ပါဝင်ကြ ပါတယ်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အကြီး အကဲ ဗိုလ်ချုပ်ကြီး ဖန် ဖန်ဝှေး ကတော့ ဒီ စစ်ရေး လေ့ကျင့်မှုတွေဟာ ရုရှားနဲ့ ၂ နိုင်ငံ ဆက်ဆံရေး အားကောင်း လာဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ် နိုင်ငံဟာ ဂျပန်နဲ့ ဖိလစ်ပိုင် အပါ အဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားလို့ တင်းမာမှုတွေ ရှိနေတဲ့ အခုလို အချိန်မှာ စစ်ရေး လေ့ကျင်မှုတွေ ပြုလုပ် နေတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန် ရေတပ်တွေ ကတော့ ပြီးခဲ့တဲ့ လက ပူးတွဲ စစ်ရေး လေ့ကျင့် မှုတွေ ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ