သမ္မတဟောင်း မော်စီ ကို ထောက်ခံ ဆန္ဒပြသူတွေ ပစ်ခတ် ခံရ

  • 5 ဇူလိုင် 2013
egypt
Image caption စစ်တပ် က ပစ်ခတ် လို့ ဆန္ဒပြသူတွေ သေဆုံးခဲ့

ကိုင်ရိုမှာ စစ်တပ်က ဖယ်ရှားလိုက်တဲ့ သမ္မတ မော်စီ ကို ထောက်ခံ ဆန္ဒပြသူတွေ သိန်းနဲ့ချီ ကာ လမ်းတွေ ပေါ်ထွက်လာနေပြီး တနေရာမှာ စစ်တပ် က ပစ်ခတ် လို့ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

သောကြာနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ် လို့ Muslim Brotherhood အဖွဲ့က စည်းရုံး ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် ထောင်သောင်းများစွာသော လူစုကြီး ဟာ ကိုင်ရိုက လမ်းမ တွေပေါ် ထွက်လာခဲ့ကြပါတယ်။

သမ္မတ မော်စီ ကို ချုပ် နှောင်ထားတယ် လို့ ယူဆရတဲ့ စစ်တပ်တပ်စခန်း တခုနားမှာတော့ ဝင်းထရံ သံဆူးကြိုး မှာ ချိတ်ဆွဲထားတဲ့ သမ္မတ မော်စီ ရဲ့ ရုပ်ပုံ ကားချပ် ကို ပြန်ပြင်တပ်ဖို့ ဆန္ဒပြသူ တွေ လုပ်နေတုန်း စစ်တပ် က ပစ်ခတ် လို့ လူသေဆုံးတာတွေ ဖြစ်ခဲ့တာပါ။

စစ်တပ် ကတော့ သူတို့ ကျည်ဆံအစစ် တွေ သုံးပြီး ပစ်ခတ်တာ မလုပ်ပါဘူး လို့ ငြင်းဆိုထားပါတယ်။

ဆန္ဒပြသူတွေ ကတော့ စစ်တပ် က လူအုပ်ထဲ ကို ပစ်ခတ် ခဲ့တယ် လို့ ဆိုပါတယ်။

အီဂျစ် မှာ မငြိမ်သက် မှု က ဆက်ဖြစ်နေပြီး မြို့အတော်များများ မှာ ရုန်းရင်းဆန်ခတ် တိုက်ခိုက်တာတွေ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ