သမ္မတမော်စီကို ထောက်ခံသူတွေ ဆန္ဒ ဆက်ပြ

  • 6 ဇူလိုင် 2013
Image caption တချို့ လူတွေဟာ မစ္စတာ မော်စီ ဓာတ်ပုံ ကြီးတွေ ကို သယ်ဆောင် လာကြ ပါတယ်

အီဂျစ် စစ်တပ် ကနေ သမ္မတ မိုဟာမက် မော်စီကို ရာထူးက ဖယ်ရှားခဲ့ပြီး၊ မွတ်ဆလင် ညီနောင်များ အဖွဲ့က ထိပ်တန်း ခေါင်းဆောင် တွေကိုလည်း ဖမ်းဆီး နေတဲ့ အပေါ် ဆန့်ကျင် ကန့်ကွက်ဖို့ အတွက် မစ္စတာ မော်စီကို ထောက်ခံ သူတွေဟာ စနေနေ့ မှာလည်း လမ်းမ တွေပေါ် ထွက်လာ ခဲ့ကြ ပြန်ပါတယ်။

ကိုင်ရိုက နာစရာ မြို့နယ် ထဲမှာ လူအုပ်တွေ စုဝေး နေကြ တာကို ရုပ်မြင် သံကြား ကနေ ပြသသွား ပါတယ်။ တချို့ လူတွေဟာ ဆိုရင် မစ္စတာ မော်စီ ဓာတ်ပုံ ကြီးတွေကို သယ်ဆောင် လာကြ ပါတယ်။

သောကြာနေ့ ကတော့ အီဂျစ် နိုင်ငံ တလွှား သမ္မတ မော်စီကို ထောက်ခံ သူတွေနဲ့ ဆန့်ကျင် သူတွေ အကြား ထိပ်တွေ့ ကြရာမှာ လူ ၃၆ ဦး သေဆုံး သွားပြီး၊ ၁ ထောင် ကျော် ဒဏ်ရာ ရရှိ သွားကြ ပါတယ်။

ကိုင်ရိုမြို့ တာဟီရာ ရင်ပြင် အနီး မှာတော့ မနေ့က ညည့်နက်ပိုင်း အထိ တိုက်ခိုက် မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီမှာ နှစ်ဘက် အဖွဲ့တွေဟာ ခဲတွေ ရေဗူးတွေ နဲ့ တဘက်ကို တဘက် ပစ်ပေါက် ခဲ့ကြ ပါတယ်။

မစ္စတာ မော်စီကို ဆန့်ကျင် သူတွေ ကလည်း တနင်္ဂနွေနေ့ ကျရင် မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ဆန့်ကျင် ဆန္ဒပြဖို့ ဆော်သြထား ပါတယ်။

တခြား ဖြစ်ရပ် တခုမှာတော့ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သေနတ် သမားတွေ ကနေ မြောက်ပိုင်း ဆိုင်းနိုင်း ဒေသမှာ ခရစ်ယာန် ဘုန်းကြီး တပါးကို ပစ်သတ် သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ