မက္ကဆီကို မီးတောင်ကြောင့် လေယာဉ်တွေ ရပ်ဆိုင်း

  • 6 ဇူလိုင် 2013
Image caption ပြာတွေဟာ ကောင်းကင်ထက် ၁ ကီလိုမီတာ ခွဲ လောက် အထိ ပျံ့တက် နေ

မက္ကဆီကို နိုင်ငံ အလယ်ပိုင်းက Popocatepetl မီးတောင် ကနေ ချော်ရည်ပူတွေ ပန်းထွက်ပြီး ကောင်းကင်မှာ မီးခိုးပြာတွေ ဆက်လက် လွင့်တက် နေတဲ့ အတွက် မက္ကဆီကို စီးတီး လေဆိပ် ကနေ ပျံတက်မယ့် အမေရိကန် လေကြောင်းလိုင်း ခရီးစဉ် အတော် များများကို ဖျက်သိမ်း လိုက် ပါတယ်။

ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အနည်းဆုံး ခရီးစဉ် တဒါဇင်လောက် ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ်။

ကြာသပတေးနေ့ ကတော့ လေယာဉ် ခရီးစဉ် ၄၀ ကျော် ဖျက်သိမ်း ခဲ့တဲ့ အတွက် ရာနဲ့ ချီတဲ့ ခရီးသည်တွေ လေဆိပ်မှာ သောင်တင် နေခဲ့ကြ ပါတယ်။

မီးတောင် ကနေ ပြာတွေဟာ ကောင်းကင်ထက် ၁ ကီလိုမီတာ ခွဲ လောက် အထိ ပျံ့တက် နေတာ ဖြစ်ပါတယ်။