ကနေဒါမှာ ရေနံတင် ရထား မီးလောင် ပေါက်ကွဲ

  • 7 ဇူလိုင် 2013
Canada Train
Image caption ရထားပေါက်ကွဲစဉ်

ကနေဒါနိုင်ငံ Quebec ပြည်နယ်က လက်ခ် မက်ဂန်းတစ် မြို့လေးမှာ ရေနံတင်ရထား ပေါက်ကွဲမှု ဖြစ်လို့ ကြီးကြီးများများ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာဟာ အမေရိကန် နယ်စပ်အနီးမှာလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး နာရီအတော်ကြာထိ မီးငြိမ်းသတ်မှုတွေ ဆက်လုပ်နေရပါတယ်။

မီးလောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားလည်း ပျောက်ဆုံးနေပါတယ်။

ပေါက်ကွဲတဲ့ ရထား အနီးအနားက အိမ်တွေလည်း မီးလောင် ကျွမ်းခဲ့ပါတယ်။

ရထားကုမ္ပဏီ ပြောခွင့်ရသူကတော့ အခု ရထားဟာ တွဲထိန်း ဝန်ထမ်းတွေ အပြောင်းအလဲ လုပ်ဖို့ ရပ်နားထားစဉ်မှာ ရထားက အနိမ့်ပိုင်းဆီကို လိမ့်ဆင်းသွားခဲ့ပြီး ဘာကြောင့်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။