ဆန်ဖရန် စစ္စကို လေယာဉ် ပျက်ကျမှု စစ်ဆေး

  • 8 ဇူလိုင် 2013
 plane crash
Image caption လေယာဉ်ပျက်ကို အမေရိကန် ပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ စစ်ဆေးနေ

စနေနေ့က ဆန်ဖရန် စစ္စကို လေဆိပ်မှာ ပျက်ကျတဲ့ တောင်ကိုရီးယား လေယာဉ် ဆင်းခါနီးမှာ အင်မတန် နှေးကွေးစွာ ပျံသန်း ခဲ့ကြောင်း စုံစမ်း စစ်ဆေး နေတဲ့ လေကြောင်း လုံခြုံရေး အရာရှိ တွေက ပြောပါတယ်။

ဘိုးအင်း ၇၇၇ လေယာဉ် ပါ အချက်အလက် အသံ မှတ်တမ်းများ အရ လေယာဉ် ပျံရမယ့် နှုန်းထက် သိသိသာသာ ကြီး နိမ့်ကျ ပျံသန်း ခဲ့ကြောင်း လေ့လာ သူများက ဆိုပါတယ်။

လေယာဉ် ပြေးလမ်းကို ဝင်မဆောင့်ခင်မှာ လေယာဉ်ကို ပြန်တက်ဖို့ လေယာဉ်မှူး တွေ ကြိုးစား ခဲ့ကြောင်း အမေရိကန် အမျိုးသား ပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ အကြီးအကဲက ပြောပါတယ်။

လေယာဉ် ပျက်ကျချိန်မှာ သေဆုံးခဲ့တဲ့ ဆယ်ကျော်သက် လူငယ် ၂ ဦး အနက် တဦးကို ကယ်ဆယ်ရေး တွေ တက်နင်း မိခဲ့သလား ဆိုတာကိုလည်း စုံစမ်း နေကြောင်း ပြောကြား ပါတယ်။

ဘာကြောင့် လေယာဉ် အရှိန် လျှော့ပစ်ရလဲ ဇာစ်မြစ် ကိုတော့ မသိရ သေးပါဘူး ။

ဒီသတင်းနဲ့ပတ်သက်သမျှ