ဝင်ဘယ်ဒန်မှာ အန်ဒီ မာရေး ဗိုလ်စွဲပြီ

  • 8 ဇူလိုင် 2013
murray
Image caption ဝင်ဘယ်ဒန် ကွင်းလယ်က မာရေး နဲ့ ဂျိုကိုဗစ်

ဝင်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲ အမျိုးသား တဦးချင်း ဗိုလ်လုပွဲ မှာ ကမ္ဘာ့ နံပါတ် ၁ ဆားဘီးယား လူမျိုး နိုဗာ ဂျိုကိုဗစ် ကို နံပါတ် ၂ ချန်ပီယံ အန်ဒီ မာရေးက ၃ ပွဲပြတ် အနိုင်ရ ဗိုလ်စွဲ သွားပါတယ်။

ရာသီဥတု ပူပြင်းတဲ့ကြားက ခက်ခက်ခဲခဲနဲ့ အန်ဒီ မာရေး ကစား သွားတာ ဖြစ်ပါတယ်။

မနှစ်က အမေရိကန် အိုးပင်း ဖလား ဆု ရခဲ့တဲ့ အန်ဒီ မာရေး အတွက် ဒါဟာ ဒုတိယ မြောက် အနိုင်ရတဲ့ တင်းနစ် ပြိုင်ပွဲကြီး ဖြစ်ပါတယ်။

အင်ဒီ မာရေးဟာ ၇၇ နှစ် အတွင်းမှာ ပထမဆုံး ဝင်ဘယ်ဒန် ချန်ပီယံ ဆု ရတဲ့ ဗြိတိသျှ အမျိုးသား တင်းနစ် ကစား သမား ဖြစ်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ