ဗုဒ္ဓဂါယာ ဗုံးကွဲမှု လူတဦးကို ဖမ်းဆီး

Image caption ဒီတိုက်ခိုက် မှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာ ကတော့ အခု အချိန် အထိ မသိရသေးပါ

အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီ တော်ကြီးနဲ့ တဝိုက် တနင်္ဂနွေနေ့ ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်ပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်၊ ဗုံးလိုက်ထောင် နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီ ဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် စစ်ဆေး မှုတွေ ပြုလုပ်နေ ပါတယ်။

ဘီဟာ ပြည်နယ် ဝန်ကြီးချုပ် နီတိရှ် ခူမားကလည်း ကမ္ဘာ့လှည့် ခရီးသွား ဆိုင်ရာ ရဲနဲ့ ဒေသန္တရ တပ်ဖွဲ့ တွေဟာ အခုလို ဖြစ်ရပ်မျိုးကို မကိုင်တတ် တာ ကြောင့် ဗဟို အစိုးရဆီ ကနေ တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ တောင်းဆို ထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပေါက်ကွဲမှုတွေ ကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါ အဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက် မှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာ ကတော့ အခု အချိန် အထိ မသိရသေးပါ။

အဲဒီ မဟာဗောဓိ စေတီ နေရာဟာ ဗုဒ္ဓ မြတ်စွာ ဘုရား ပွင့်တော်မူ ခဲ့တဲ့ နေရာ ဖြစ်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ