တရုတ် ဗိုလ်ချုပ်ကြီးသား မုဒိမ်းမှုနဲ့ စွဲဆို

  • 9 ဇူလိုင် 2013
Li Tianyi
Image caption ပြုပြင်ရေး စခန်း အပို့ ခံရဖူးတဲ့ Li Tianyi

တရုတ် ပြည်မှာ စစ်ဗိုလ်ချုပ်ကြီး တဦးရဲ့ ဆယ်ကျော်သက် အရွယ်သားကို အမျိုးသမီး တယောက်ကို အုပ်စုလိုက် မတရား ပြုကျင့်မှု နဲ့ စွဲဆို ထားပါတယ်။

အသက် ၁၇ နှစ် အရွယ် Li Tianyi ကို ဖေဖော်ဝါရီ လက ဘေဂျင်း မြို့တော် ဟိုတယ် တလုံးမှာ မူးယစ် သောက်စားပြီး တခြား လူ ၄ ယောက်နဲ့ အတူ အမျိုးသမီး တယောက်ကို ကျူးလွန် စော်ကား ခဲ့မှုနဲ့ စွဲဆို ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ် ကလည်း သူ မောင်းတဲ့ နံပါတ်ပြား မပါတဲ့ ဇိမ်ခံကား ရှေ့က လမ်းပိတ်တယ် ဆိုပြီး တခြား ကားပိုင်ရှင် စုံတွဲကို စော်ကား ရန်စမှု အတွက် ပြုပြင်ရေး စခန်းကို တနှစ် အပို့ ခံရဖူးပါတယ်။

ရုပ်သံမှာ မျိုးချစ် စိတ် တက်ကြွဖွယ် သီချင်းတွေ ဆိုလေ့ ရှိတဲ့ သူ့ဖခင် ဗိုလ်ချုပ်ကြီး Li Shuangjiang ကိုယ်တိုင် ဒီစုံတွဲကို တောင်းပန် ခဲ့ရပါတယ်။

တရုတ် မီးရထား ဝန်ကြီးဟောင်းကိုလည်း ဒေါ်လာ ဆယ်သန်း လာဘ်စားမှုနဲ့လည်း ဆိုင်းငံ့ သေဒဏ် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ