အီဂျစ် အခြေခံဥပဒေ ပြင်ဖို့ ကြေညာ

  • 8 ဇူလိုင် 2013
cairo
Image caption စစ်တပ်ကို ဆန္ဒပြ လူအုပ် ရှုတ်ချ ကြွေးကြော်

အီဂျစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ နောက်နှစ်ဆန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပ နိုင်ရေး အတွက် အချိန် ဇယားကို အီဂျစ် ကြားဖြတ် သမ္မတက ကြေညာ လိုက်ပါပြီ။

သမ္မတဟောင်း လက်ထက်က မွတ်ဆလင် ညီနောင်များ သြဇာခံ အစ္စလာမ် ဝါဒီတွေ ကြီးမှူး ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ဖို့ စီစဉ်ပေးမှာ ဖြစ်ကြောင်း သမ္မတ Adly Mansour က ပြောကြား ခဲ့ပါတယ်။

၄ လ အတွင်း ဒီဥပဒေသစ် အတွက် ဆန္ဒ ခံယူပွဲ ကျင်းပမှာ ဖြစ်ပြီး အဲဒိ နောက် ၂ လ အတွင်း ရွေးကောက်ပွဲ တွေ လုပ်မှာ ဖြစ်ပါတယ်။

တနင်္လာ နေ့က အီဂျစ် စစ်တပ် သတ်ဖြတ်မှု ကြောင့် လူ ၅ဝ ကျော် သေဆုံး ခဲ့ပေမယ့်လည်း သမ္မတဟောင်း မော်စီကို ထောက်ခံသူ လူအုပ်ကြီးက ကိုင်ရို မြို့တော် လမ်းတွေပေါ်မှာ နောက်ထပ် တည ဆက်ပြီး ဆန္ဒပြကြပါတယ်။ ဒီသေဆုံး ရမှု တွေ အတွက် စစ်တပ်က ဝမ်းနည်းကြောင်း မထုတ်ပြန် ခဲ့တာ ကိုလည်း အသံချဲ့စက် တွေနဲ့ ရှုတ်ချ ကြွေးကြော် ခဲ့ပြီး ကွယ်လွန် သူတွေ အတွက် ဆုတောင်း ခဲ့ကြပါတယ်။

စစ်တပ် ဘက်က ကြေညာချက်မှာတော့ ပြည်သူ တွေ အတွက် လွတ်လပ်မှုနဲ့ လုံခြုံမှု ဒီမိုကရေစီ တွေ ရှိပေမယ့် လည်း ဥပဒေမဲ့ ပြုမူသူ တွေကိုတော့ အင်အားသုံး ချေမှုန်း သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်က လူစု ခွဲခိုင်း ပေမယ့်လည်း ဆန္ဒပြသူ တွေက မနာခံ ခဲ့ကြပါဘူး။

ဆန္ဒပြမှု တွေကို နှိမ်နင်း ရာမှာ အင်အား အနည်းဆုံးပဲ ကျင့်သုံးဖို့ အီဂျစ် စစ်တပ်ကို အမေရိကန်က တောင်းဆို ထားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ ကြဖို့လည်း အားလုံးကို တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ