တရုတ် လေထု ညစ်ညမ်းမှုကြောင့် လူ သန်း၅၀၀ အသက်ပိုတို

  • 9 ဇူလိုင် 2013
Image caption ကျောက်မီးသွေးနဲ့ လေထုညစ်ညမ်းမှု

တရုတ် နိုင်ငံ မြောက်ပိုင်းသားတွေဟာ ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက် ကြရတဲ့ အတွက် တောင်ပိုင်းသား တွေထက် အသက် ၅ နှစ်ခွဲ လောက် ပိုပြီး အသက် တိုတယ်လို့ နိုင်ငံတကာ သုတေသီ အဖွဲ့ တဖွဲ့က ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

သူတို့ သုံးတဲ့ ကျောက်မီးသွေး တွေကြောင့် လေထု ညစ်ညမ်းမှုတွေ ဖြစ်တယ် ဆိုတဲ့ လေ့လာ တွေ့ရှိချက်ကို တရုတ်၊ အမေရိကန်နဲ့ အစ္စရေးတို့ ပါဝင်တဲ့ သုတေန အဖွဲ့က ပြုလုပ် ခဲ့တာ ဖြစ် ပါတယ်။

တစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်ကျော် ၅၅ ရာခိုင်နှုန်း၊ အရေ အတွက် အားဖြင့် သန်း ၅၀၀ လောက်က Huai မြစ် အထက်ပိုင်း ဒေသမှာ နေထိုင်ကြ တာပါ။ တခြား ဒေသတွေထက် အအေးပိုကဲတဲ့ နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြသူ တွေကို အနွေးဓါတ် ပေးရာမှာ သုံးဖို့ ကျောက်မီးသွေး အခမဲ့ ထောက်ပံ့တဲ့ တရုတ် အစိုးရရဲ့ မူဝါဒကြောင့် လေထု ညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ နာဖျား မကျန်း ဖြစ်တာတွေက မြောက်ပိုင်းမှာ နေသူတွေ ပိုခံစားကြရတာ လို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက် Martin Patience က ပြောပါတယ်။

ဒီမူဝါဒက ၁၉၅၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တာ ဖြစ်ပြီး အနှစ်သုံးဆယ် အကြာမှာ ရပ်တန့် သွားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း နိုင်ငံ မြောက်ပိုင်းက မြို့ပေါင်း ၉၀ မှာ လေထု ညစ်ညမ်းမှု အချက် အလက် တွေနဲ့ လူ အသေ အပျောက် နှုန်းကို သုတေသီတွေက နှိုင်းယှဉ် လေ့လာ ခဲ့ကြ ရာမှာ မြောက်ပိုင်းမှာ လူတွေကို အသက် ပိုတိုစေနိုင်လောက်အောက်ကိုပဲ လေထု ညစ်ညမ်းမှု သိသိသာသာ ပိုများတယ်လို့ တွေ့ခဲ့ကြရပါတယ်။

ဒီနှစ်ဆန်းကတော့ တရုတ် နိုင်ငံက လေထု ညစ်ညမ်းမှုဟာ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ အန္တရာယ် ရှိတယ်ဆိုတဲ့ အဆင့်ထက် အများကြီး ကျော်လွန် နေတာ တွေ့ရတဲ့ အတွက် အစိုးရ အပေါ် ပြည်သူတွေရဲ့ ကန့်ကွက်သွတွေ ညံသွားခဲ့ ပါတယ်။

ဒီတွေ့ရှိချက်ကြောင့် တရုတ် အစိုးရ အနေနဲ့ လေထု ညစ်ညမ်းမှု ထိန်းသိမ်းရေူအတွက် ပိုမိုလုပ်ဆာေင်ဖို့ လိုတယ် ဆိုတာ ပိုတွန်းအားပေးမှာ ဖြစ်ပါတယ်။