လက်ဘနွန်မှာ ဗုံးပေါက်ကွဲ

  • 9 ဇူလိုင် 2013
Image caption လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိ သွားပြီး၊ ကောင်းကင် ယံမှာ မီးခိုလုံး ကြီးတွေ တက်လာ တာကို တွေ့ရ

လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်း ရှီယာ စစ်သွေးကြွ လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ ဟက်ဇ်ဘိုလာ ရဲ့ အမာခံ ဆင်ခြေဖုံး ဘက်မှာ ကားဗုံး တလုံးကြောင့် ပေါက်ကွဲမှုကြီး တခု ဖြစ်ပွားခဲ့ ပါတယ်။

ပေါက်ကွဲမှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိ သွားပြီး၊ ကောင်းကင် ယံမှာ မီးခိုလုံး ကြီးတွေ တက်လာ တာကို တွေ့ရပါတယ်။

ပေါက်ကွဲမှုဟာ အစ္စလာမ် စင်တာ အနီးက ကားရပ် နားရာ နေရာမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး ကား ဆယ်စီးလောက် မီးလောင် ပျက်ဆီး သွားပြီး တခြားကား အတော် များများလည်း ထိခိုက် သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

လက်ဘနွန် ပြည်ထဲရေး ဝန်ကြီး မော်ဝမ် ရှာဘဲလ် အဲဒီ နေရာကို သွားကြည့် ပြီးနောက် ဒါဟာ ဆူနီနဲ့ ရှီယာတွေ အကြား ဂိုဏ်းဂဏ အကွဲ အပြဲတွေ ဖြစ်အောင် ဖန်တီးတဲ့ ကြိုးပမ်းချက် ဖြစ်တယ် ဆိုပြီး၊ ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

အိမ်နီးချင်း ဆီးရီးယား နိုင်ငံက စစ်ပွဲ တွေမှာ အစိုးရ ဘက်နေ ဟက်ဇ်ဘိုလာတွေ ဝင်ရောက် တိုက်ခိုက် တာတွေ ရှိခဲ့ပြီး နောက်မှာ၊ လက်ဘနွန် နိုင်ငံမှာ လည်း တင်းမာ မှုတွေ တိုးမြင့်လာ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ