ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု ပိုဆိုးလာ

  • 9 ဇူလိုင် 2013

ကမ္ဘာ ပေါ်မှာ ပြီးခဲ့တဲ့ နှစ် အတွင်း လူ ၄ ယောက်မှာ ၁ ယောက်ဟာ တံစိုး လက်ဆောင် ပေးတာ တွေ့ရှိရတဲ့ အတွက် အဂတိ လိုက်စားမှု တွေဟာ ပိုမို ဆိုးဝါး လာ နေတယ်လို့ ယုံကြည် ရကြောင်း ကမ္ဘာ့ တဝန်း ပြုလုပ် ခဲ့တဲ့ စစ်တမ်း တခုမှာ ဖေါ်ပြထား ပါတယ်။

ဂျာမဏီ နိုင်ငံ ဘာလင်မြို့ အခြေစိုက် TRANSPARENCY INTERNATIONAL အဖွဲ့က ပြုလုပ်တဲ့ ဒီ သုတေသန ပြုချက်မှာ၊ ဆင်းရဲတဲ့ နိုင်ငံတွေဟာ ချမ်းသာတဲ့ နိုင်ငံတွေ ထက်ကို လာဘ်ပေး လာဘ်ယူ နှစ်ဆ ရှိတယ်လို့ ဖေါ်ပြထား ပါတယ်။

အဖွဲ့ရဲ့ မန်နေဂျင်း ဒါရိုက်တာ Cobus De Swardt က နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှာ လူပေါင်း ၁ သိန်းကျော်ကို လူထု စစ်တမ်း ကောက်ခံ ပြီး လေ့လာ ခဲ့တာ လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သုံးနှစ် စစ်တမ်း ကောက်တုန်း ကနဲ့ စာရင် ပိုဆိုးဝါးလာ နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရဲနဲ့ တရားရေး ပိုင်းမှာ လာဘ်ပေး လာဘ်ယူ မှုတွေ ရှိသလို၊ နိုင်ငံရေး ပါတီတွေ ဟာလည်း လူမှု အဖွဲ့ အစည်းတွေ ထဲမှာ အဂတိ လိုက်စားမှု အများဆုံး ဖြစ်တယ် လို့ ဆိုပါတယ်။

ဗြိတိန် နိုင်ငံမှာလည်း လာဘ်စားမှု သိသိ သာသာ တိုးမြင့် လာတယ်လို့ ထောက်ပြ ထားပြီး၊ အရင်နှစ်က ဆိုရင် လူ ၂၀ မှာ ၁ ယောက်ဟာ လာဘ်ပေး လာဘ်ယူမှု လုပ် ခဲ့တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ