ဘော်စတွန် ဗုံးကွဲမှု စွဲချက်တွေ ငြင်းဆန်

  • 10 ဇူလိုင် 2013
Dzhokhar Tsarnaev
Image caption Tsarnaev ရုံးထုတ်ချိန် လုံခြုံရေး အပြည့်ချ

ဘော်စတွန် မာရသွန် ဗုံးကွဲမှု လက်သည်လို့ စွဲဆို ခံရတဲ့ Dzhokhar Tsarnaev က လူအများကို သေကြေပျက်စီး စေတဲ့ လက်နက် သုံးတယ် ဆိုတဲ့ စွဲချက် အပါအဝင် စွဲချက်တွေ အားလုံး အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆို သွားပါတယ်။

လူ ၃ ယောက် သေဆုံးပြီး ၂၆ဝ ကျော် ဒဏ်ရာ ရခဲ့တဲ့ ဧပြီလ တိုက်ခိုက်မှု အပြီး မစ္စတာ Tsarnaev ဘော်စတွန် တရားရုံး တရုံးမှာ ပထမဆုံး အကြိမ် ထွက်ဆို ခဲ့တာ ဖြစ်ပါတယ်။

ချက်ချင် လူမျိုး အသက် ၁၉ နှစ် အရွယ် ကျောင်းသားကို လက်ထိပ်ခတ်ပြီး ရုံးထုတ် လာချိန်မှာ ရုံးထဲမှာ လူပရိသတ် အပြည့် ရှိနေပါတယ်။

သားတယောက် အသက်ဆုံးပြီး နောက်တယောက် တရားခံ ဖြစ်နေတဲ့ Tsarnaev တို့ အမေ Liz Norden လည်း တရားခွင်မှာ ရှိပါတယ်။

ကြားနာပွဲ အချိန်တိုတွင်း အဆုံးသတ် သွားပြီးနောက် မစ္စတာ Tsarnaev မိသားစုကို နှုတ်ဆက်ပြီး တရားခွင်ကနေ ပြန်လည် ခေါ်ဆောင် သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ