အိန္ဒိယက မတရား ပြုကျင့်မှု အမိန့် ချမယ့်ရက် ရွှေ့ဆိုင်း

  • 11 ဇူလိုင် 2013
India Rape
Image caption ကျောင်းသူလေးကို မတရား ပြုကျင့်မှု အပြီး ဆန္ဒပြမှုတွေ ဖြစ်ခဲ့

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျောင်းသူ အမျိုး သမီးငယ် တစ်ယောက်ကို ဘတ်စ်ကား ပေါ်မှာ အုပ်စုဖွဲ့ မတရား ပြုကျင့်ခဲ့မှု နဲ့ ပါတ်သက်ပြီး ပထမဆုံး စီရင်ချက် ချမယ့် အမှုကို ရက်ရွှေ့ဆိုင်း လိုက်ပါတယ်။

အဲဒီ အမှု ဖြစ်ပွားခဲ့ တုန်းက ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲ ခံရသူ အမျိုးသားဟာ အသက် ၁၇ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

သူ့ရဲ့ အမှုကို လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့ ကျမှ ပြစ်ဒဏ် ချမှတ်ဖို့ ရက်ရွှေ့ဆိုင်းလိုက် ပါတယ်။

အဲဒီ အမျိုးသားကို အဓမ္မ ပြုကျင့်မှု၊ လူသတ်မှု၊ ပြန်ပေးမှုတို့နဲ့ စွဲချက်တင် ထားတာပါ။

ကျောင်းသူ အမျိုး သမီးကို မတရား ပြုကျင့်မှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံး လူစု လူဝေးနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အမျိုး သမီးတွေ အပေါ် ဆက်ဆံမှုနဲ့ ပတ်သက်လို့လည်း တစ်နိုင်ငံလုံး အခြေ အတင် ဆွေးနွေး ခဲ့ကြရ ပါတယ်။

စွဲချက်တင် ခံထားရတဲ့ အမျိုးသားကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သူဟာ အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် ပြည်လည် ထူထောင်ရေး အကျဉ်း စခန်းမှာ ထောင်သုံးနှစ် ကျခံရဖွယ် ရှိပါတယ်။

တခြား အမျိုးသား လေးယောက်ကို ဆက်လက် ကြားနာ စစ်ဆေး နေချိန်မှာ တရားခံ အဖြစ် စွပ်စွဲခံရသူ အမျိုးသားက သူ့မှာ အပြစ် မရှိကြောင်း ငြင်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ