တရုတ်မှာ ယူရေနီယံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်

  • 12 ဇူလိုင် 2013
China Jiangmen
Image caption ဂျန်မင်းက ဆန္ဒပြသူများ

တရုတ်နိုင်ငံတောင်ပိုင်း ဂျန်မင်းမှာ အစိုးရက ယူရေနီယံ စက်ရုံ တည်ဆောက်မယ့် ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ လူရာနဲ့ချီပြီး ဆန္ဒပြ နေကြပါတယ်။

ဆန္ဒပြသူတွေ ကိုင်ထားတဲ့ စာတမ်းတွေထဲမှာ အနုမြူမလိုဘူး ကလေးတွေပဲ လိုတယ် ဆိုတဲ့ စာတမ်း တွေလည်း ပါပါတယ်။

အာဏာပိုင်တွေကတော့ ဒီစက်ရုံတည်ဆောက်ဖို့အတွက် လူထု ဆန္ဒသဘောထား ယူဖို့ ၁၀ ရက်တာ အချိန် သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေက ဒီစီမံကိန်းရဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးဖို့ ၁၀ ရက်တာ ကာလက မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဒီဆန္ဒပြမှုဟာ တရုတ်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှုတွေ ပြင်းထန်လာနေတဲ့ ဖြစ်ရပ်တွေထဲက နောက်ဆုံး သာဓက တစ်ခု ဖြစ်တယ်လို့ ဘေဂျင်းက ဘီဘီစီသတင်းထောက်က ပြောပါတယ်။