အင်ဒိုနီးရှားမှာ ထောင်ဖောက် ထွက်ပြေးမှုကြီး ဖြစ်

  • 12 ဇူလိုင် 2013
Indonesia Jailbreak
အင်ဒိုနီးရှားထောင်မှာ ဆူပူဆန္ဒပြမှု အရင်ဖြစ်

အင်ဒိုနီးရှားမှာ ထောင်ဖောက် ထွက်ပြေးမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆူမားတြားကျွန်း မြောက်ပိုင်း ထောင်ကနေ ထွက်ပြေးတဲ့သူ ၁၅၀ ကျော် ထဲမှာ အကြမ်းဖက်မှုတွေနဲ့ အရေးယူခံထားရသူ ၅ ဦးလည်း ပါဝင်ပါတယ်။

ထောင်တွင်း မီးပျက်လို့ ဆန္ဒပြ ဆူပူမှုတွေ ဖြစ်ပြီးနောက် ဖောက်ထွက်ပြေးကြတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲချုပ်က ပြောပါတယ်။

ထောင်တွင်း ဆူပူဆန္ဒပြမှုတွေ အတွင်း လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ အခုအခါ ရာနဲ့ချီတဲ့ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပြီး ထောင်ကို ပြန်လည် ထိန်းချုပ် နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ထွက်ပြေးနေသူတွေကိုလည်း လိုက်လံ ရှာဖွေနေပါတယ်။

အင်ဒိုနီးရှား ထောင်တွေဟာ လူပြည့်သိပ် နေတတ်ပြီး ပြုပြင် ထိန်းသိမ်းမှုလည်း အားနည်းတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။