ဘူတန် နိုင်ငံ ဒုတိယမြောက် ရွေးကောက်ပွဲ ကျင်းပ

  • 13 ဇူလိုင် 2013
Image caption ဘူတန် ဘုရင်ဟာ ၂၀၀၈ ခုနှစ် တုန်းကမှ သူ့သဘော နဲ့သူ စည်းမျဉ်းခံ ဘုရင် စံနစ် ကို ပြောင်းလဲ ပေးခဲ့

ဟိမဝန္တာ တောင်တန်း ဒေသက ဘူတန် နိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ပြုလုပ် နေတဲ့ ပါလီမန် ရွေးကောက် ပွဲတွေ အတွက် မဲဆန္ဒ ရှင်တွေ မဲပေး နေကြ ပါတယ်။

မဲပေးနိုင်သူ လူ ၄ သိန်း ဟာ ဘူတန် ဘုရင်နဲ့ နီးစပ်တဲ့ ငြိမ်ချမ်းရေးနဲ့ သာယာဝ ပြောရေး ပါတီ နဲ့ အဓိက အတိုက် အခံ ဖြစ်တဲ့ ပြည်သူ့ ဒီမိုကရက်တစ် ပါတီ အကြား ရွေးချယ် မဲပေး ကြမှာ ဖြစ်ပါတယ်။

အဓိက မြို့တွေ မှာတော့ မဲပေး သူတွေဟာ မဲရုံတွေ ရှေ့ လူတန်း အရှည်ကြီး အဖြစ် တန်းစီ စောင့်ဆိုင်း နေကြ ပါတယ်။

တချို့ လူသူ အရောက် အပေါက် နည်းတဲ့ တောင်ပေါ် ရွာတွေမှာ ဆိုရင် မဲရုံ ဆောက်ဖို့ အတွက် ရွေးကောက်ပွဲ တာဝန်ရှိ သူတွေဟာ အဲဒီကို ၇ ရက် လောက် အထိ ခြေကျင် သွားခဲ့ရ ပါတယ်။

ဘူတန် ဘုရင်ဟာ ၂၀၀၈ ခုနှစ် တုန်းကမှ သူ့သဘော နဲ့သူ သက်ဦး ဆံပိုင် ဘုရင် စနစ် ကနေ စည်းမျဉ်းခံ ဘုရင် စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ