မော်စီနဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးမယ်

  • 14 ဇူလိုင် 2013
အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို
အီဂျစ်နိုင်ငံမှာ မော်စီကိုသမ္မတ ပြန်ခန့်ဖို့တောင်းဆို

မွတ်ဆလင် ညီနောင်အဖွဲ့က စွပ်စွဲခံရသူ တွေကို စစ်ဆေး မေးမြန်းဖို့ အတွက် တိုင်တန်းမှု တွေကို စုံစမ်း နေပြီလို့ အမှုလိုက် ရှေ့နေရုံးက ပြောပါတယ်။

သမ္မတဟောင်း မော်စီနဲ့ အတူ FJP ပါတီနိုင်ငံရေး အကြီးတန်း အဖွဲ့ဝင် မိုဟာမက် ဘာဒီယာနဲ့ အက်ဆန် အဲလ်အီရိန် တို့လည်း အတိုင်ခံရသူ တွေထဲမှာ ပါဝင် ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက ကိုင်ရိုရှိ စစ်တန်းလျား ရှေ့မှာ အကြမ်းဖက် တိုက်ခိုက်အောင် လှုံ့ဆော်မှုနဲ့ ဘာဒီယာနဲ့ အခြား ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးသား ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅ဝ ကျော် သေဆုံး ခဲ့ပါတယ်။

မွတ်ဆလင် ညီနောင် အဖွဲ့ က သူ့လူတွေ ငြိမ်းချမ်းစွာ ဆုတောင်း နေစဉ် အပစ်ခံရ တာလို့ ပြောပေမယ့် စစ်တပ် ကတော့ သူတို့ကို အတိုက် ခံရလို့ ပြန်ခုခံတာ လို့ ဆိုနေပါတယ်။

ဇူလိုင်လ စစ်တပ် အာဏာ သိမ်းပြီး ကထဲက မွတ်ဆလင် ညီနောင်များ အဖွဲ့က မော်စီ ထောက်ခံ သူတွေက ကိုင်ရိုမှာ လူစုလူဝေး နဲ့ ဆန္ဒပြခဲ့ ကြပါတယ်။

စစ်တပ်က သမ္မတကို ဖယ်ရှား တာဟာ အာဏာသိမ်း ရာကျလို့ သမ္မတကို ပြန်ခန့်ရေး တောင်းဆို နေကြပါတယ်။

အခုလို အမှုလိုက် ရှေ့နေရုံး က စုံစမ်းဖို့ လုပ်နေ တာဟာ ကြားဖြတ် အစိုးရနဲ့ မွတ်ဆလင် ညီနောင် တို့ကြား ရင်ကြားစေ့ရေး ပိုအားနည်း စေတယ်လို့ ကိုင်ရိုရှိ ဘီဘီစီ သတင်းထောက် James Reynolds က ပြောပါတယ်။

အဓိက ပြဿနာက လူတွေရဲ့ တရားသဖြင့် ရပိုင်ခွင့်ကို ကာကွယ်ပြီး လူထု ဆန္ဒအရ ဒီမိုကရေစီကို မဲပေး ရွေးချယ်ရေး လုပ်ဖို့လို့ မွတ်ဆလင် ညီနောင်အဖွဲ့က ပြောကြား လျက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ