အီဂျစ် ကြားဖြတ် အစိုးရ အဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

  • 16 ဇူလိုင် 2013
Image caption အီဂျစ် ကြားဖြတ် အစိုးရဖွဲ့သစ်

အီဂျစ် နိုင်ငံမှာ ကြားဖြတ် အစိုးရ အဖွဲ့သစ်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ဝင် ၃၃ယောက်ပါတဲ့ အဲဒီ ကြားဖြတ် အစိုးရသစ်ထဲမှာ အစ္စလာမ် ဝါဒီ လွှမ်းမိုးတဲ့ ပါတီတွေ ၊ အစ္စလာမ် ဝါဒီလှုပ်ရှားမှု အဖွဲ့တွေက သူတွေ တယောက်မှ မပါပါဘူး။

အစိုးရ အဖွဲ့သစ်ဟာ ကြားဖြတ် သမ္မတ Adly Mansour ရဲ့ ရှေ့မှောက်မှာ ကျမ်းကျိန် ခဲ့ကြတာ ဖြစ်ပြီး စစ်တပ် အကြီးအကဲလည်းဖြစ် ၊ ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်တဲ့ Abdul Fattah al-Sisi က လက်ရှိ ရာထူးတွေ အပြင် ဒု ဝန်ကြီးချုပ် ရာထူးကို ပထမဆုံး ပူးတွဲ ရယူခဲ့ပါတယ်။

မွတ်ဆလင် ညီနောင်များ အဖွဲ့ကတော့ သူတို့ အဆိုအရ စစ်တပ်က အာဏာသိမ်းခဲ့တာကို ပြန်ပြောင်းပြီး သမ္မတ မော်စီကို ရာထူး ပြန် မပေးမချင်း အစိုးရ အဖွဲ့သစ် အတွင်း ပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။