အဝလွန် သူတွေ အရိုးပွ ရောဂါ ပိုဖြစ်နိုင်

  • 16 ဇူလိုင် 2013
Obesity
Image caption ခါးတုတ်ပြီး ဝလွန်းသူတွေ အရိုးမှာ အဆီတွေ ပိုအောင်း နေနိုင်

အဝ လွန်သူ တွေဟာ အလွယ် တကူ အရိုး ကျိုးနိုင်တဲ့ အရိုးပွ ရောဂါ Osteoporosis ရောဂါ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ Radiology ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှု တစ်ခု က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်က ဆေးပညာရှင် တွေက အဝလွန် နေကြ ပေမဲ့ ကျန်းမာ ကြသူ အမျိုးသား အမျိုး သမီး တစ်ရာကျော်ကို တစ်ကိုယ်လုံး Scan ရိုက်ခဲ့ ပါတယ်။

လူတွေရဲ့ တင်ပါးနဲ့ ပေါင်တို့ထက် ခါး တစ်ဝိုက် မှာ ပိုဝ နေတဲ့ ခန္ဓာကိုယ် ပန်းသီးပုံ ရှိကြသူ ဗိုက်ပူ ကြသူ တွေဟာ သူတို့ရဲ့ ရိုးတွင်း ချဉ်ဆီမှာ အဆီတွေ ပို အောင်း နေတတ် တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အရိုးတွေ ပွပြီး အလွယ် တကူ ကျိုးစေနိုင်တာ ဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ