မြောက်ကိုးရီးယား သင်္ဘောကို ပနားမားမှာ ဖမ်း

  • 16 ဇူလိုင် 2013
Image caption ဒုံးလက်နက်လို့ သံသယရှိတဲ့ ပစ္စည်း

ပနားမား တူးမြောင်းထဲ ဝင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောမှာ မသင်္ကာဘွယ် ဒုံးလက်နက် အစိတ်အပိုင်းတွေ ပါလာတယ်ဆိုပြီး ပနားမား အစိုးရက ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

အဲဒီသင်္ဘောပေါ်ဟာ ကျူးဘားနိုင်ငံက လာတဲ့ သင်္ဘောဖြစ်ပြီး သကြားကြမ်း အိတ်တွေ အောက်မှာ ဝှက်ပြီး သယ်လာတယ် ဆိုတဲ့ လက်နက်တွေကို စစ်ဆေးနေတယ်လို့ ပနားမား သမ္မတ Ricardo Martinelli က ဆိုပါတယ်။

မူလက ဒီသင်္ဘောပေါ်မှာ မူးယစ် ဆေးဝါးတွေ တင်လာတယ် ထင်လို့ ရပ်တန့် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ။

သင်္ဘော ပနားမား တူးမြောင်းရဲ့ အတ္တလန္တိတ် ဘက်ခြမ်းက Manzanillo နားမှာ အရောက်မှာ ရပ်ခိုင်းပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသား ၃၅ ယောက်ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

သင်္ဘော ကပ္ပတိန် နဲ့ သင်္ဘော အမှုထမ်း တွေရဲ့ တုံ့ပြန် ဆက်ဆံပုံက ရင့်သီး လွန်းလို့ သံသယ ဝင်လာတာလို့ လုံခြုံရေး ဝန်ကြီး Jose Raul Mulino က ဆိုပါတယ်။

ကုလ သမဂ္ဂ တားမြစ်ချက်တွေကြောင့် လက်နက် အသေးစား တချို့ကလွဲပြီး မြောက်ကိုရီးယားကို လက်နက်တင်သွင်းခွင့် ရော တင်ပို့ခွင့်ပါ ပိတ်ပင် ထားပါတယ်။

ဖေဖော်ဝါရီလက မြောက်ကိုရီးယားက တတိယ အကြိမ် အဏုမြူ စမ်းသပ်မှု တွေ လုပ်ပြီးနောက် ပိတ်ဆို့မှုတွေ ပိုမို တင်းကျပ် လာပါတယ်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လ တုန်းကလည်း မြန်မာပြည် သွားတဲ့ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ရေတပ်က လက်နက် တင်လာ သလားဆိုပြီး နောက်ယောင်ခံ လိုက်တဲ့အခါ သင်္ဘော နောက်ပြန်လှည့် သွားခဲ့ပါတယ်။

မနှစ် ဒီဇင်ဘာ လတုန်းကလည်း ဂြိုဟ်တု လွှတ်တင်ဖို့ ၃ ဆင့်ပစ် ဒုံးကျည်တစင်း မြောက်ကိုရီးယားက အာကာသ ထဲ ပစ်လွှတ် ခဲ့တာကို ကုလ သမဂ္ဂ တားမြစ်ချက်ကို ချိုးဖောက်မှု အဖြစ် ပြစ်တင် ရှုတ်ချခဲ့ ပါတယ်။

မြောက်ကိုရီးယားဟာ အဏုမြူ ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည် ထုတ်နိုင်ဖို့ အထိ ကြိုးစား နေကြောင်း ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ